Advertisement
ak133720

Untitled

Nov 30th, 2021
24
0
Never
Not a member of Pastebin yet? Sign Up, it unlocks many cool features!
text 11.15 KB | None | 0 0
  1. နိုင်ငံတော် အတိုင်ပင်ခံအား မည်သည့် ပုံစံမျိုးနှင့်
  2. အကျ‌‌ဉ်းချ ခံရမည်နည်း
  3. ********************
  4. သတင်းဆောင်းပါး- လှစိုးဝေ ရေးသည်
  5.  
  6. နိုင်ငံတော် အတိုင်ပင်ခံအား ပုန်ကန်ရန် လှုံ့ဆော်သည် ဆိုကာ လုပ်ကြံ စွဲချက် တင်ထားသည့် အမှုအား အင်္ဂါနေ့တွင် အာဏာသိမ်း အဖွဲ့ ၏ တရားရုံး မှ စီရင်ချက် ချရန် ရှိနေသည်။
  7.  
  8. အနည်းဆုံး ထောင်ဒဏ် သုံးနှစ် အထိ ကျခံရဖို့ ရှိနေပြီး စစ်အာဏာသိမ်း အဖွဲ့ ၏ အမျှော်အမြင် နည်းပါးမှု၊ တဇောက်ကန်းနိုင်မှုများကို ကောင်းစွာ သိနေပြီ ဖြစ် သဖြင့် ထိုအရေးကို စိတ်မဝင်စားပဲ မည်သည့် ပုံစံမျိုး နှင့် အကျဉ်းချထားမည်လဲ ဆိုသည်ကိုသာ နိုင်ငံတကာ က စောင့်ကြည့်နေကြသည်။
  9.  
  10. ရန်ကုန် ရှိ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေးဗစ် မက်သီဆန် က သူမအား သာမန် အကျဉ်းသားများ နှင့် ရောနှောထားမည်လော၊ အထူး အဆောင် သို့မဟုတ် အစိုးရ သတ်မှတ်ပေးသော နေရာ တခုခု တွင် ထားမည်လော ဆိုသည်ကို သာ စောင့်ကြည့်ရန် ရှိသည်ဟု သိရသည်။ သို့သော် မင်းအောင်လှိုင်လို လူမျိုးထံမှ စာနာစိတ် ဆိုသည်က မျှော်လင့်၍ ရကောင်းသည် မဟုတ်ဟုလည်း မှတ်ချက်ချခဲ့သည်။
  11.  
  12. အာဏာသိမ်း လျှင် သိမ်းခြင်း ဖမ်းဆီးခံလိုက်ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် မည်သို့ မည်ပုံ ၎င်းတို့ကို ပုန်ကန်ရန် လှုံ့ဆော်ခဲ့သနည်း ဆိုသည်က မည်သူမျှ နားလည်နိုင်စွမ်း ရှိမည် မဟုတ်ပေ။
  13.  
  14. ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့စဉ်က ပြည်သူများကို
  15. ရှေ့နေများမှ တဆင့် အားပေးစကား ပြောခဲ့သည်များ သာ ရှိသည်။
  16.  
  17. နေ့စဉ်လို တက်ရောက်နေရသော သူမ၏ တရားခွင်အား လည်း သတင်းသမား တဦး‌တလေမျှ တက်ရောက်ခွင့်မရှိ၊ နိုင်ငံတကာ မှ လေ့လာသူ များလည်း တကြိမ်တခါမျှပင် လာရောက်ခွင့်မရှိ၊ ရှေ့နေများလည်း အမှု နှင့် ပတ်သက်ပြီး တခွန်းတပါဒမျှပြောခွင့်မရှိ၊ မည်သည့် နေရာတွင် ပြုလုပ်သည် ဆိုသည်ပင် မသိရသော တရားစီရင်မှု မျိုး ပင် ဖြစ်သည်။
  18.  
  19. စစ်ကောင်စီသည် ၎င်းတို့၏ မဟာရန်သူတော်ကြီး ဟု ဆိုကာ ထိတ်လန့်တုန်လှုပ်ခဲ့ကြရသည့် အသက် ၇၆ နှစ်ရှိ အမျိုးသမီးကြီးအား နိုင်ငံရေး လောကမှ အပြီးအပိုင် ဖယ်ရှားရန် နည်းမျိုးစုံဖြင့် ကြံစည်နေသည်မှာ ကာလကြာမြင့်လှပြီဖြစ်သည်။
  20.  
  21. ယခုထိလည်း သူမအား မည်သည့်နေရာ တွင် ချုပ်နှောင်ထားသည်ကို မည်သူမျှ မသိရပဲ ဖြစ်နေသည်။
  22.  
  23. သူမနှင့် ပတ်သက်၍ အာဏာသိမ်း အဖွဲ့က မည်သို့ စီစဉ်ထားသည်ကို သဲသဲကွဲကွဲ မသိရပဲ စီရင်ချက်ကို ရွှေ့ဆိုင်းနိုင်ဖွယ်ရှိသည်ဟု ထင်ကြေးများ ထွက်ပေါ်နေသည်။
  24.  
  25. လက်ရှိတွင် အာဏာသိမ်း အဖွဲ့အား နိုင်ငံတကာ မှ တနေ့တခြား ရွံရှာလာနေပြီး ပြည်တွင်းတွင်လည်း
  26. ခုခံတွန်းလှန်မှုများ က ၎င်းတို့‌ မျှော်လင့် ထားသလို ခဏ နှင့် အဆုံးသတ်သွားဖို့ မရှိတော့ပဲ ရေရှည် တိုက်ပွဲ ကို နည်းမျိုးစုံနှင့် ရေကုန်ရေခန်း ဆင်နွှဲသွားရန် ပြည်သူများဖက်က ပြင်ဆင်ထားပြီး ဖြစ်သည်။
  27.  
  28. ယင်းနှင့် ပတ်သက်၍ ဘရပ်ဆဲလ် ရှိ နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ အိုင်စီဂျီ မှ မြန်မာ သည် မည်သည့်ဖက်မှ အနိုင်မရမည့် ထိတ်လန့်ဖွယ် ရှေ့မတိုး နောက်မဆုတ် အနေအထားသို့ ရောက်ရှိနေပြီ ဟု သုံးသပ်ချက် ထုတ်ပြန်လာခဲ့သည်။
  29.  
  30. စစ်တပ်သည် နည်းမျိုးစုံ ဖြင့် ရက်စက်စွာ နှိမ်နင်းနေသော်ငြားလည်း တော်လှန်ရေး အင်အားစု များ လျော့ပါးသွားအောင် ပြုလုပ်နိုင်စွမ်း မရှိခဲ့ဟု အဖွဲ့၏ မြန်မာဆိုင်ရာ အကြံပေး ရစ်ချတ် ဟိုဆေးက ပြောသည်။
  31.  
  32. ယင်းအစား ဖိလေ ကြွလေ ပုံစံမျိုး ဖြစ်လာပြီး ခုခံ တွန်းလှန်မှုများ မြင့်တက်လာနေပြီ ဟု ဆိုသည်။
  33.  
  34. ၎င်းတို့ကြောင် ငြိမ်သက်အေးဆေးသွားသည့် ဒေသဟူ၍ တခုတလေမျှ ရှိမလာပဲ တိုး၍ တိုး၍ သာ လာနေသဖြင့် စစ်သည်အင်အား သုံးသိန်းခွဲခန့် ရှိမည်ဟု ထင်ကြေး ပေးခံထားရသော စစ်တပ် အဖို့ အင်အားကို ဆွဲဆန့် ထုတ်လာရပြီး ထောက်ပို့နှင့် ရိက္ခာများ အလျင်မီအောင် ပေးပို့နိုင်စွမ်း မရှိတော့ပေ။
  35.  
  36. ထို့အတွက် ယာဉ်ထိန်းရဲများ၊ စစ်ပြန်များ၊ အိမ်ထောင်သည် လိုင်းမှ အမျိုးသမီးများကိုပင် သုံးနေရသည့် အဆင့်ထိ ရောက်လာသည်၊ တပ်တွင်းမှ ထွက်ပြေးနေမှုများလည်း တစိမ့်စိမ့် နှင့် ထွက်ပေါ်လာနေသည်။
  37.  
  38. တော်လှန်ရေး အင်အားစုများကလည်း လမ်းကြောင်းများကို မိုင်းဆွဲခြင်း၊ ခြုံခို တိုက်ခိုက်ခြင်းများဖြင့် ဖြတ်တောက်လျက် ရှိနေသည်။
  39.  
  40. ယခုအခါ အာဂျင်တီးနား နိုင်ငံ မြို့တော် ဗျုနိုအေရိစ် ရှိ ရာဇဝတ် မှုခင်းများ ဆိုင်ရာ တရားရုံးမှ ရိုဟင်ဂျာ များ အပေါ် ကျုးလွန်ခဲ့သည့် ပြစ်မှုများအတွက် မြန်မာ စစ်ခေါင်းဆောင်များအား universal jurisdiction ခေါ် နယ်မြေ စည်းခြားမှု မရှိ တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးပြီး ကြားနာ စစ်ဆေးသွားမည်ဟု အတည်ပြုလိုက်ပြီ ဖြစ်သည်။
  41.  
  42. အထင်ရှားဆုံး နမူနာသည်က ၁၉၆၁ တွင် အစ္စရေး မှ နာဇီ စစ်ရာဇဝတ်ကောင် အဒေ့ါ အိုက်ခမန်းကို အာဂျင်တီနားမှ လျို့ဝှက် ဖမ်းဆီး ခေါ်ဆောင်ကာ အစ္စရေး တရားရုံးတွင် အထက်ပါ ကျင့်ထုံး အတိုင်း တရားစီရင်ခဲ့ခြင်းပင် ဖြစ်သည်။
  43.  
  44. ယခုအခါ ကုလ ကိုယ်စားလှယ် စီစစ်ရေး ကော်မတီ မှ မြန်မာ သံအမတ် ရွေးချယ်ရေး အတွက် ဒီဇင်ဘာ ၁ ရက်နေ့တွင် တွေ့ဆုံဖို့ ရှိနေသည်ဟု သိရသည်၊ လက်ရှိ အနေအထားများအရ တကမ္ဘာလုံးက ကိုယ့်နိုင်ငံသားများအပေါ် ဗြောင်ကျကျ ပြစ်မှု ပေါင်းစုံ ကျူးလွန်နေသည့် စစ်အာဏာသိမ်း အဖွဲ့အား ကုလ ထဲ ဝင်ရောက်ခွင့် ပြုမည့် အလားအလာ သည် လွန်စွာ နည်းပါးလျက်
Advertisement
Add Comment
Please, Sign In to add comment
Advertisement