Guest User

Untitled

a guest
Jun 21st, 2018
67
0
Never
Not a member of Pastebin yet? Sign Up, it unlocks many cool features!
text 2.94 KB | None | 0 0
  1. ဟိုး…….
  2. လှောင်ချိုင့်ကြားက
  3. အသွေးနဲ့အသားနဲ့တည်ဆောက်ထားတဲ့
  4. ချိုှးငှက်တွေ
  5. လေဟုန်မှာအတောင်ပံဖြန့်လို့
  6. အားနဲ့မာန်နဲ့ သူတို့လဲ ပျံချင်ရှာနေမပေါ့ မေမေ ….
  7.  
  8. ရင်နှစ်သည်းချာတွေနဲ့
  9. သံတစ်တိုင်စာ ကွာဝေးရတဲ့ ဘ၀မှာ
  10. ဟိုး ဝေးဝေးက တောင်ပံ ခတ်သံတွေနဲ့
  11. မပီဝိုးဝါးအိပ်မက်တွေက လေဆန်အရပ်က
  12. ပျံတက်မလာကြတော့ဘူးတဲ့မေမေ…..
  13.  
  14. သွေးလဲတိတ်စေလို့
  15. ချွေးလဲ သိပ်စေမဲ့ ရင်ခွင်ကို
  16. သူတို့တမ်းတ …..
  17. ငါ စွဲ မရှိတဲ့ သူတို့ဘ၀တွေ
  18. သံတိုင်ကြားမှာ ကြွေပြရတာ
  19. မနစ်နာ လွန်းဘူးလား မေမေ ….
  20.  
  21. လွတ်ပြီး လပ်နေတဲ့ အရပ်မှာ
  22. မကြာခဏပြောပြောနေကြတဲ့
  23. ပုံစံခွက်ထဲက Freedom တွေကြောင့်
  24. ခြေရာလည်းပျောက် ရေကြည်လဲ နောက်ရပြန်ပြီ မေမေ ….
  25.  
  26. နင်းပြားဘ၀ကနေတောင်
  27. မရမကခေါင်းထောင်ထ နေတဲ့
  28. လေးစားလောက်တဲ့ ..
  29. သူတို့စိတ်ဓာတ်တွေ အတွက်
  30. ပေးတဲ့ဒဏ်ချက်က သွေးပျက်လောက်အောင်
  31. ကြီးမားလွန်းနေတယ် မေမေ..
  32.  
  33. လွတ် လပ် ရေးဆိုတာ ဘာလဲ မေမေ
  34. သတ်သတ်မှတ်မှတ် မရှိတဲ့
  35. နွားခြေရာခွက်ထဲက အော်ရတဲ့
  36. ဖားသူငယ်ဘ၀နဲ့ပဲ…
  37. ကျွန်တော်တို့ ခောတ်က ဟောင်းရတော့မှာလား ..
  38. ကျွန်တော်တို့ စနစ်က ပြောင်းရတော့မှာလား ……
  39.  
  40.  
  41.  
  42. ကျွန်တော် အားကိုးတကြီးမျှော်လင့်မိပါတယ် မေမေ …
  43. ဒီ ၆၄ ကြိမ်မြောက် လွှင့်ထူခြင်းဟာ …
  44. ကျွန်တော်တို့ဖခင် လှူခဲ့တဲ့အသွေးအသားကို
  45. ပြန်လည်နိုးထစေခြင်းဖြစ်ပါစေလို့…
  46.  
  47. စူးရှအိမ် ၄၊၁။၂၀၁၂
Add Comment
Please, Sign In to add comment