Advertisement
Guest User

Untitled

a guest
Oct 20th, 2018
263
0
Never
Not a member of Pastebin yet? Sign Up, it unlocks many cool features!
text 17.27 KB | None | 0 0
  1. ကျနော် လွန်ခဲ့တဲ့ 2 ရက်က reddit မှာဆွေးနွေးခဲ့တဲ့ post ကို ဒီမှာ ဆွေးနွေးကြည့်မယ်ဗျာ
  2.  
  3. Assassin’s Creed Odyssey ဇာတ်လမ်း ဘာလို့ Brotherhood မပေါ်ခင်မှာ တည်ရတာလဲဆိုတာကိုပေါ့
  4.  
  5. ပထမဆုံး Assassin’s Creed Universe ရဲ့ Origin တစ်ခုလုံးပြန်ပြောမှရလိမ့်မယ်ဗျ
  6.  
  7. Warning : Wall of texts Incoming
  8.  
  9. စပြောရရင်တော့ သိပ်တော်လွန်းခဲ့ Isu တွေပေါ့
  10.  
  11. ကျနော်တို့လူတွေရဲ့ DNA ဟာ
  12.  
  13. -Adenine
  14. -Thymine
  15. -Guanine နဲ့
  16. -Cytocine ဆိုတဲ့ base compound တွေနဲ့ဖွဲ့စည်းထားပြီး DNA ဟာ Double Helix ပုံစံသာဖြစ်ခဲ့တယ် .. Isu ရဲ့ DNA ဟာ Triple Helix structure ဖြစ်ပြီး Genetic Engineering ပိုင်းမှာသူမတူကမ်းကုန်အောင်ထူးချွန်သူတွေဖြစ်ကြတယ် .. သူတို့ဟာ Eden Garden ဆိုတဲ့မြို့ကြီးကိုတီထောင်ခဲ့ကြ ပေမယ့် အဲ့ဒီမှာ အလုပ်ကြမ်း လုပ်မယ့် ကျွန်လိုခိုင်းစေရမယ့် သူမရှိခဲ့ဘူး .. အဲ့ဒီအတွက်ပဲ သူတို့ဟာ တစ်ဆင့်နိမ့်တဲ့ လူသားမျိုးနွယ်ကို Genetic Engineering နဲ့ဖန်တီးခဲ့တယ် .. သူတို့ ခိုင်းသမျှ တသွေမတိမ်းလိုက်နာအောင် လူသားတွေကိုဖန်တီးတဲ့အခါ သူတို Isu တွေဆီမှာတောင်မရှိတဲ့ ကျွန်ဖြစ်စေတဲ့ Neurotransmitters တွေကိုပါထဲ့သွင်းဖန်တီးခဲ့ကြတယ်
  17.  
  18. Neurotransmission / Neurotransmitters
  19.  
  20. ပထမဆုံးပြောလိုသည်မှာ ကျနော် စဆရက လုပ်လိုစိတ်မရှိပါ ! ထို့ကြောင့် ဤ section အား ဆေးကျောင်းသား , ဆရာဝန် နှင့် Human Physiology တတ်ကြွမ်းထားသူများ ကျော်နိုင်ပါသည် ! ကျနော်ကိုယ်တိုင် ယင်းဘာသာရပ်နှင့် 7 နှစ်ကြာဝေးကွာနေပြီဖြစ်သောကြောင့် အတတ်နိုင်ဆုံးကြိုးစားရေးထားသော်လည်း အမှာပါနိုင်ပါသည် , ထို့ကြောင့် တတ်ပြီးသားသူများ အမှားရှာလိုပါက ထောက်ပြနိုင်ရန် ဖတ်လိုကဖတ်ပါ .
  21.  
  22. Neurotransmission က အလွယ်ပြောရရင် brain နဲ့ body ဆက်သွယ်ခြင်းပါပဲ
  23.  
  24. အဲ့ဒါကို Neurotransmitters တွေနဲ့အဓိကလုပ်ကြတယ် , အဲ့ဒီမှာ မေးစရာရှိလာတာက Neurotransmitter ကဘာတုန်းပေါ့ ? အဲ့ဒီကောင်တွေက များသောအားဖြင့် amino acid , neuropeptide လေးတွေဖြစ်ကြပြီး brain ကပို့တဲ့ message ကို neurone to neurone OR neurone to muscle ကိုပြန်ပို့ကြတယ် .. အာ့ဆို neurone ဆိုတာဘာလဲပေါ့ .. ပုံ 2 ကိုကြည့်လိုက်ပါ အဲ့ neurone ဆိုတာ brain ရဲ့အခြေခံအကျဆုံးအပိုင်းလေးတွေပေါ့ .. ပြီးတော့တစ်ခုနဲ့တစ်ခု ဆက်ထားသေးတယ် အဲ့ဒီအဆက်အဆက်တွေရဲ့ လူရဲ့ body တစ်ခုလုံး ချိတ်ဆက်ထားတာ .. ရထားတွဲလိုပဲ . ပြီးတော့ Neurone တစ်ခုနဲ့တစ်ခု ဆက်တဲ့နေရာတွေကို Junction လို့ခေါ်ပြီး အဲ့ဒီကနေပဲ ( ပုံ 3 ကိုကြည့်ရန် ) အပြာရောင်က neurotransmitter အစေ့လေးတွေကို ပူဖောင်းလေးနဲ့စုထားတယ် .. အောက်ကကောင်မှာလဲ neurotransmitter တွေကိုလက်ခံမယ့် receptor တွေရှိပြီးသား
  25.  
  26. အဲ့ဒီမှာပဲ brain က ပြင်ပက signal တစ်ခုခုလာတဲ့အခါမှာ ဘာလုပ်ရမလဲစဉ်းစားတယ် .. ပြီးရင်ဆုံးဖြတ်ပြီး body ဘာလုပ်ရမယ်ဆိုတာကို message ပို့လိုက်တယ် .. အဲ့ဒီမှာပဲ neurotransmitter တွေ ပူဖောင်းထဲကထွက်လာပြီး အောက်ကကောင်ဆီက receptor ဆီသွားပေါင်းလိုက်တယ် အဲ့ဒီတော့ brain ကခိုင်းတဲ့ message ကို body ကရပြီး လိုက်လုပ်ပေးတယ် .. ပြောတာသာကြာတာ body မှာအဲ့ဖြစ်စဉ်က 1 sec တောင်မကြာဘူး
  27. ( ဒီနားမှာ Depolarization တွေ Action potential surge တွေအကြောင်းထဲ့မပြောတော့ပါ )
  28.  
  29. ဥပမာ
  30.  
  31. Noradrenaline ဆိုတဲ့ Neurotransmitter က သွေးပေါင်ချိန် တွေ နှလုံးခုန်နှုန်းတွေကို ထိန်းချုပ်တယ် .. ဦးနှောက် က ပြောလိုက်တဲ့အထဲမှာ သွေးပေါင်တွေ , နှလုံးခုန်တာတွေပါလာရင် အဲ့ဒါကို တစ်ကယ်လုပ်ဖြစ်အောင်သွားပြောရတဲ့ Messanger ကောင် Noradrenaline ထွက်လာတာပဲ
  32.  
  33. အလားတူပဲ Sleep တွေ စားချင်သောက်ချင်စိတ်တွေ Mood တွေ နဲ့ပတ်သက်လာရင် brain ရဲ့အမိန့်ကို သယ်ပြီး body ဆီကိုဖြန့်တဲ့ messanger ( Neurotransmitters) က Serotonin ဆိုတဲ့ကောင်ဖြစ်တယ်
  34.  
  35. အဲ့ဒီမှာပဲ Isu တွေဟာ နိမ့်ပါးတဲ့လူသားတွေကိုဖန်တီးရာမှာ သူတု့ခိုင်းချင်တိုင်းခိုင်းရအောင် Neurotransmitter တစ်ခုကိုပါ တီထွင်ခဲ့ကြတယ် .. အဲ့ဒါကို "X" လို့ပဲ အလွယ် ခေါ်ရအောင်
  36.  
  37. အဲ့ဒီ X က သွေးပေါင်ချိန်နဲပတ်သတ်တာကိုသယ်တာမဟုတ်ဘူး , sleep pattern တွေ Mood တွေကိုလဲ သယ်တာလဲမဟုတ်ဘူး ... Piece of Eden တစ်ခုဖြစ်တဲ့ Apple of Eden ကိုသုံးလိုက်လို့ အဲ့ဒီ အလင်းတွေနဲ့ ထိမိရင် brain က ကိုယ်ပိုင်အသိစိတ်ပျောက်ပြီး Apple of Eden ကိုင်ထားသူရဲ့ ခိုင်းစေရာလုပ်ဖို့ body ကိုအမိန့်ပေးတယ် .. "X" က အဲ့ဒီ အမိန့်ကို body ဆီသယ်ဆောင်တဲ့ ကောင်ပဲ . ဒီလိုနဲ့ Apple of Eden ရဲ့ ထိန့်ချုပ်မှုအောက်မှာ လူမျိုးနွယ်ကြီးတစ်ခုလုံး ကျွန်လုံးလုံး ဖြစ်တော့တာပဲ
  38.  
  39. ဒါပေမယ့် သိပ်တော်လွန်း သိပ်ထက်လွန်းတဲ့ Isu တွေဟာ မဟာအမှားတစ်ခုကိုကြူးလွန်မိကြတယ် .. အဲ့ဒါကတော့ တစ်ချို့သော Isu တွေ သူတို့ဖန်တီးထားတဲ့ လူသားတွေနဲ့ ကာမ ယှက်စပ်မိကြတာပဲ .. အဲ့ကနေပဲ Isu-human နှစ်မျိုးပေါင်း Hybrid တွေထွက်လာတယ် .. ပထမဆုံး Hybrid က Eve ( ဧဝ ) ဖြစ်တယ် .. ဧဝ ဟာ Human ကမွေးလို့ လူပုံစံဖြစ်ပေမယ့် Isu DNA ပါတဲ့အတွက်သူ့မှာ Neurotransmitter X မရှိဘူး . အာ့ကြောင့် Apple ရဲ့ အလင်းနဲ့ထိတွေ့တဲ့အခါမှာ .. ကျွန်စိတ်ကို တကယ်ဖြစ်အောင် body ကိုဖြန့်မယ့် messanger ပျောက်နေတဲ့အတွက် Apple နဲ့ mind controlled လို့မရဘူး
  40.  
  41. ဧဝ ဟာဒါကိုပဲ အခွင့်ကောင်းယူပြီး သူ့လို Hybrid တစ်ယောက်ဖြစ်တဲ့ အာဒမ် နဲ့ပေါင်း Isu တွေဆီကနေ Apple တွေကိုခိုးပြီး တခြားလူတွေကိုပါ ကျွန်ဘဝကလွှတ်ပေးလိုက်တယ် .. အဲ့မှာပဲ အသိစိတ်ပြန်ဝင်လာတဲ့ လူသားတွေကို အာဒမ်နဲ့ ဧဝ ဦးဆောင်ပြီး Isu တွေကို ပုန်ကန်တော့တာပဲ
  42.  
  43. Isu တွေရဲ့ Piece of eden တွေများစွာရှိပေမယ့် classification ကတော့ 3 မျိုးပဲရှိတယ် ! Defensive , offensive , utility တို့ဖြစ်တယ်
  44.  
  45. Utility မှာ Apple of Eden ( Ezio triology မှ ) တို့ , Ring of eden တို့ပါတယ်
  46.  
  47. Defensive မှာ shroud of Eden ( Assassin’s Creed Syndicate မှ ) တို့ပါပြီး
  48.  
  49. Offensive မှာ Sword of Eden ( Assassin’s Creed Unity မှ ) တို့ Leonias Spear ( Assassin’s Creed Odyssey မှ ) တို့ပါကြတယ်
  50.  
  51. Human-Isu war မှာ Isu တွေ piece of eden တွေကိုသုံးပြီး Supehuman ability တွေနဲ့တိုက်ကြပေမယ့် လူအင်အားများလွန်းလှတဲ့ Human တွေကိုမနိုင်ပဲ အရေးစနိမ့်လာတယ် .. သူတို့တွေ စစ်ကိုသာအာရုံစိုက်နေကြလို့ ဘုံရန်သူကြီးကိုမမြင်မိဘူး .. အဲ့ဒါကတော့ Great Catastrophes ကြီးပဲ .. ပုံမှန် နေတစ်ဝိုက်မှာဖြစ်နေတဲ့ CME ( Coronal Mass Ejection ) Solar flare တွေ နှစ်ပေါင်း 7 သောင်းလောက်အကြာမှာ ကမ္ဘာနဲ့လာတိုက်မိပြီး ကမ္ဘာကြီးကို နေနဲ့ ပူးကပ်ပစ်လိုက်သလိုဖြစ်ခြင်း ကိုဆိုလိုတယိ ( Assassin’s Creed Revelations မှ )
  52.  
  53. Solar flare လာမှာကို သိပြီး ကာကွယ်ဖို့ကြိုးစားခဲ့ကြတဲ့ Isu 3 ယောက်ရှိသေးတယ် .. သူတို့ဟာ Solar Flare ကိုကာကွယ်ဖို့ နည်းလမ်း 6 မျိုးကြိုးစားကြည့်ခဲ့ပေမယ့် 6 မျိုးလုံး fail ခဲ့တယ်.. ( Assassin’s Creed 3 တွင် အသေးစိတ်ပါသည် )
  54.  
  55. Solar Flare ကြောင့် Isu တွေရော Human တွေပါ အမျိုးပြုတ်လုနီးပါးဖြစ်ပြီး ကျန်ခဲ့တဲ့သူတွေဟာ တိုက်ခိုက်မဲ့အစား Human Isu ပူးပေါင်းပြီး ကမ္ဘာသစ်ပြန်ထူထောင်ဖို့ကြိုးစားကြတယ် ... ဒါပေမယ့် အင်အားနည်းလွန်းနေပြီဖြစ်တဲ့ Isu တွေ ကတော့ နောက်ဆုံး မျိုးသုဉ်းသွားတော့တယ် ..
  56.  
  57. Assassin Brotherhood မှာ recruit တွေလွတ်လပ်စွာဝင်နိုင်ပေမယ့် တကယ့်ခေါင်းဆောင်တွေကတော့ Isu-human hybrid အာဒမ် နဲ့ ဧဝ ရဲ့ မျိုးဆက်တွေဖြစ်ကြတယ် eg Altair , Ezio , Edward , Connor .
  58.  
  59. Demigod Kassandra
  60.  
  61. အခု Assassin’s Creed Odyssey မှာ Brotherhood မရှိသေးတာကြောင့်မို့ Assassin အနေနဲ့မကစားရပေမယ့် သမိုင်းတင်ပြီး ခေတ်မှာ ဒုတိယ အစောဆုံး အာဒမ်နဲ့ ဧဝရဲ့ မျိုးဆက်ဖြစ်တဲ့ Kassandra နဲ့ကစားရမှာဖြစ်တယ် ...
  62.  
  63. ကျွန်တော်တို့ သိပြီးခဲ့ကြတဲ့အတိုင်း The King Leonidas ဟာ Spartan 300 နဲ့ persian အင်ပါယာကြီးကို အသက်စွန့်ခုခံခဲ့တယ် .. Leonidas သေဆုံးတော့ သူ့ရဲ့ကျိုးပဲ့နေတဲ့ spear ကို စစ်မြေပြင်ကပဲ ပြန်လည်ရရှိခဲ့ပြီး နောက်ဆုံးမြေးဖြစ်သူ Kassandra ဆီလက်ဆင့်ကမ်းရရှိခဲ့တယ်
  64.  
  65. တကယ်တော့ Leonidas ရဲ့ spear ဟာ လွန်ခဲ့သော နှစ်ပေါင်း 7 သောင်းကျော်က Human-Isu တိုက်ပွဲမှာ Offense အနေနဲ့အထူးပြုလုပ်ထားတဲ့ piece of eden ဖြစ်နေတယ် .. Kassandra broken spear ရဲ့ former power ကို ပြန် restore လုပ်ပြီး spear ကိုကိုင်လိုက်တယ့် အချိန်မှာ သူမရဲ့ Isu DNA ကြောင့် Piece of Eden ရဲ့ Offense အစွမ်းတွေရရှိခဲ့တယ်
  66.  
  67. အဲ့ဒါတွေကတော့
  68.  
  69. - Physical empowerment ( တောင်ပေါ်ကခုန်ချတာတွေ , Spartan kick တွေ )
  70. - Vitality Regeneration
  71. - Imbuing Arrows with power
  72. - Limited Invincibility
  73. - Limited teleportation
  74. တို့ဖြစ်ကြတယ် ... ပြောရလိုရှိရင် Kassandra ဟာ Ezio Apple ကိုင်ပြီး ရောမမြို့ထဲလျှောက်သွားနေတာနဲ့အတူတူပဲ
  75.  
  76. ဒါကိုမှ အသိဉာဏ်နိမ့်ပါးတဲ့ BC ခေတ် ဂရိတွေဟာ Kassandra ကို Demigod အနေနဲ့ သတ်မှတ်ကြတော့တယ် ..
  77.  
  78. သူမဟာ Piece of Eden ကို ကိုင်ပြီး နောင်အခါမှာ May the father of understanding guide us ဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်ထားကြမယ့် , သူတို့ကိုသူတို့ We are Templars လို့ခေါ်တွင်ကြမယ့် , Demigod နီးပါး အင်အားကြီးတဲ့ သူကိုတောင် လက်ကိုင်တုတ်အနေနဲ့ အသုံးချနေတဲ့ secret organization ကြီး Cult of Kosmos နဲ့ ထိပ်တိုက်တွေ့တော့တယ် !
  79.  
  80. ကျနော်ကတော့ ဒီ game ကို Templar Origin လို့တောင် နာမည်ပြောင်းပေးလိုက်ဖို့ကောင်းတယ်ဆိုပြီးတစ်ခါတစ်လေ တွေးမိတယ် ..
  81.  
  82. Lore နဲ့ ပတ်သတ်တဲ့ discussion တွေအားလုံး welcome ပါ
  83.  
  84. Reddit မှာတော့ lore အကြောင်းကို ကောင်းကောင်း ဆွေးနွေးနိုင်ပြီး နောင်လာမယ့် game တွေထိပါရောက်ခဲ့ကြတယ်
  85.  
  86. အခုတော့ Gameworm ကရွှေမြန်မာတို့နဲ့ဆွေးနွေးကြည့်ရအောင်
Advertisement
Add Comment
Please, Sign In to add comment
Advertisement