Advertisement
Guest User

Untitled

a guest
Feb 21st, 2017
194
0
Never
Not a member of Pastebin yet? Sign Up, it unlocks many cool features!
text 32.23 KB | None | 0 0
  1. 01:00
  2. T: မင်းနာမည် မေးနေတယ် ဘယ်သူလဲတဲ့
  3. 01:04
  4. S: အာ ဆာမက်
  5. 01:06
  6. T: မင်းနာမည် ဆာမက်
  7. 01:29
  8. T: စနိုးတွေ့ဖူးပြီလား ဒီမှာ
  9. စနိုးတွေ့ဖူးပြီလားတဲ့
  10. 01:32
  11. S: တွေ့ဖူးတယ်
  12. 02:02
  13. T: ညီလေးဒီကို ဘာကြောင့် ရောက်လာတယ်ဆိုတာ သိလားတဲ့
  14. 02:06
  15. S: မသိဘူး
  16. 02:12
  17. T: ညီလေး ဘာ့ကြောင့် ဒီရောက်လာတယ်ဆိုတာ သိလား မသိဘူးလား
  18. 02:23
  19. T: သူ အားလုံးနဲ့ မင်းအိမ်မှာ နေတဲ့သူတွေ အားလုံးနဲ့ စကားပြောပြီးသွားပြီတဲ့ မင်းအိမ်မှာ ဘယ်နှယောက်နေလဲ လူအားလုံးနဲ့ သူစကားပြောပြီးသွားပြီတဲ့
  20. 02: 42
  21. T: ပြီးတော့ ဒီ ခုနက မင်းရဲ့ အိမ်ထဲမှာ ရှိတဲ့ ဖြစ်ပျက်ခဲ့တာ အားလုံးကို အကြောင်းအရာ အားလုံးကို သူသိပြီးသွားပြီတဲ့ ဒီလောက်ဆို သိပြီလား
  22.  
  23. 02:55
  24. T: မင်းက တော်တော်ကို တော်တော်လည်း ခုနလိုပေါ့
  25. 03:10
  26. T: သူတို့အားလုံးသိတယ် နောက် မင်းနဲ့ အတူတူ နေတဲ့လူတွေပေါ့လေ သူတို့အားလုံးကို စကားပြောပြီးတဲ့ အတွက် အားလုံးသိတယ်
  27. 03:23
  28. T: သူတို့ အနေနဲ့ မင်းကို ဇာတ်လမ်းလေး တစ်ပုဒ်လိုပေါ့လေ ပြန်စပြောမယ်
  29. 03:38
  30. T: ဒါ မင်းရဲ့ ဘဝအတွက်ကို တော်တော်ဆိုးဝါးတယ် ဒီကိစ္စတွေက နော်..မင်းလုပ်ခဲ့တဲ့ ဒီကိစ္စတွေက မင်းရဲ့ ဘဝအတွက်ကို တော်တော် ဆိုးဝါးတယ်
  31. 03:57
  32. T: သူ့အနေနဲ့ မင်းဆုံးဖြတ်စေချင်တယ် ဘယ်လိုဖြစ်တာလဲတဲ့
  33. 04:03
  34. S: ဘာကိုလဲ အစ်ကို ဘာကိုလဲ
  35. 04:24
  36. S: အစ်ကို ဆိုလိုတာ ကျွန်တော်မှ သဘောမပေါက်ဘဲ
  37. 04:27
  38. T: မင်းမြန်မာ စကားရောတတ်တယ်မလား
  39. S: ဟုတ်ကဲ့တတ်တယ်
  40. T: သူတို့က အခု အခု အဖြစ်အပျက်တစ်ခုကို ဖြစ်နေတယ်
  41. 04:48
  42. T: ဒီကလေး အခု သေသွားပြီတဲ့ မင်းသတ်တာတဲ့
  43. S: မဟုတ်ဘူး
  44.  
  45. 05:06
  46. T: မင်းကိုပြောပြမယ် သူ့အနေနဲ့ မင်းကိုပြောပြမယ် သူတို့ အနေနဲ့ ပြောသင့်တာ ပြောထိုက်တာ ပြောပြမယ်
  47. မင်း အနေနဲ့ကလည်း မင်း အမှန်တရားကို မင်း ပြောရမယ် ခံဝန်ချက်တစ်ခု
  48. 05:19
  49. T: ခုနလိုပေါ့ ပြောပြီး ဆိုပြီးတဲ့ဟာ အားလုံးကို မင်းတိတ်ဆိတ်စွာနေရမယ် တိတ်တိတ် ဆိတ်ဆိတ်နေရမယ်
  50. 05:25
  51. T: နားလည်လားတဲ့ နားလည်လား
  52. 05:37
  53. T: ခုနလိုပေါ့ ခုနလိုပေါ့ မင်းပြောတဲ့အရာတွေ အားလုံးက ဘာပဲ ပြောပြော ဒီအရာတွေ အားလုံးက နော် ဒီနေ့မင်းပြောတဲ့ ခုန သူတို့ မေးချင်တာ ရှိ မေးလိမ့်မယ် ဟုတ်လား မေးပြီးတော့ မင်းပြန်ဖြေမယ် ဒီပြောတဲ့ စကားတွေ အားလုံးက တရားရုံးထိ တက်ရမယ့် စကားတွေချည်းပဲ အဲဒါ နော်
  54. 05:55
  55. T: မင်းနားလည်လားတဲ့
  56. 06:06
  57. T: ခုနလိုပေါ့ မင်းအနေနဲ့ စကားတစ်ခု မပြောခင်မှာ မင်းအနေနဲ့ ပြန်ပြော.. ခုနလိုပေါ့ မင်းသိတဲ့ အကြောင်းအရာတွေ ပြန်ပြောပိုင်ခွင့်ရှိတယ် ခုနလိုပေါ့ မင်းမဟုတ်ဘူး ဘာဖြစ်တယ် ညာဖြစ်တယ် မင်းပြန်ပြောပိုင်ခွင့်ရှိတယ် အဲဒါ မင်းရဲ့ လွတ်လပ်ခွင့်
  58. 06:20
  59. T: နားလည်လားတဲ့
  60. ကိုယ့်မေးလို့ ကိုယ်ဟုတ်ရင် ဟုတ်တယ် ကိုယ်မဟုတ်ရင် မဟုတ်ဘူး အမှန်အတိုင်း ပြောရမယ် အားလုံးက မင်း တရားရုံးမှာ ဒါတွေအားလုံးရင်ဆိုင်ရမယ်
  61. 06:37
  62. T: ခုနကလိုပေါ့ ဒီဘာ မင်းကို တွန်းအားပေးတဲ့ အနေအထားမျိုး မင်းကို ဒီမှာ ဒဏ်ငွေဖြစ်ဖြစ် သို့မဟုတ် ခုနလိုပေါ့ တစ်ခုခုပေါ့ အပြစ်ပေးခြင်းတစ်ခုခုပေါ့ ဒါတွေက ခုနကပေါ့ ဖြစ်လာတဲ့ ပြဿနာပေါ်ခံရမယ်
  63.  
  64. 06:57
  65. T: နားလည်လား အခု ပြောတဲ့ဟာတွေ အကုန်လုံးကို
  66. 07:09
  67. T: မင်းအခု စိတ်ကို အေးအေးထားနော် စိတ်ကို အေးအေးထား တည်တည်ငြိမ်ငြိမ်ထား သူတို့မေးတာတွေ အားလုံးကို အေးအေးဆေးဆေးဖြေ
  68. ငြိမ်ငြိမ်နေလေ ညီလေး ငြိမ်ငြိမ်နေလေ ဘာဖြစ်လို့လဲ ဗိုက်ဆာလို့လား
  69. S: ချမ်းလို့ ချမ်းတယ်
  70. 07:36
  71. T: အခုနတုန်းက မင်း ချမ်းတာ တစ်ခုတည်း မဟုတ်ဘူးတဲ့ သူသိတယ်တဲ့ မင်းတစ်ခုခု သူတို့ကို ပြောပြချင်လို့တဲ့ ဘာပြောပြချင်လဲ ပြောလိုက်
  72. 07:45
  73. S: ဒီကလေးလေးသိတယ်ဆိုတာ ဒီကလေးက ကျွန်တော်နဲ့လည်း ခင်တယ် ကျွန်တော်နဲ့လည်း အမြဲကစားတယ် စက်ဘီးတွေဘာတွေ တောင်းစီးတယ် ကျွန်တော်အမြဲ စက်ဘီးနဲ့တင်ပေးတယ် စက်ဘီးတူတူစီးတယ်
  74. အခုသူသေသွားပြီဆိုတော့ ဘယ်သူသတ်လို့ သတ်မှန်းမှ မသိတဲ့ဟာကြီးက ကျွန်တော့်ကို တိုင်ကြားတယ် ဆိုတော့ ကျွန်တော် ဘယ်လိုလုပ် ပြောလို့တတ်တော့မလဲ
  75. 08:13
  76. S: ကျွန်တော့်ညီမလေးတစ်ယောက်လို ဖြစ်နေပြီ ကျွန်တော့် ညီမလေး အရင်းတစ်ယောက်လို ဖြစ်နေပြီ အဲဒီကလေးက
  77. 08:48
  78. T: သူသေသွားတာ မင်းရဲ့ ရေချိုးခန်းထဲမှာ သေသွားတာတဲ့
  79. 09:05
  80. T: ကလေးရဲ့ ခန္ဓာကိုယ်မှာ မင်းရဲ့ ဒီခြေထောက်နဲ့ ကန်ထားတဲ့ အရာ သွေးတွေထွက်ပြီးတော့ တွေ့ရတယ်တဲ့
  81. မင်းရဲ့ရေချိုးခန်းထဲမှာ
  82. S: အဲဒါတော့ မဖြစ်နိုင်ဘူး
  83. ဘယ်လိုဖြစ်လို့ မဖြစ်နိုင်လဲဆိုတော့ ကျွန်တော်လည်း အဲဒီနေ့မနက်က ရီနွတ်က ကျွန်တော့်ကို ဖုန်းထိုးပြီး ပြောတဲ့ မနက်က ကလေးပျောက်တယ်လို့ ပြောတဲ့မနက်က ကျွန်တော် ကျွန်တော့်ဦးလေးအိမ်သွားတယ် စက်ဘီး ဘီးပေါက်နေလို့ ကော်ဝယ်လို့ရတယ် ဆိုလို့ အဲဒါ ကော်သွားပို့တာ ကျွန်တော် ကော်သွားပို့တော့ ဟိုရောက်လို့ နှစ်နာရီ သုံးနာရီလောက်ကြတော့ ဒီကနေ ဖုန်းထိုးပြီး မေးတယ် ကျွန်တော့်ကို သိလား မင်းနဲ့ ကစားတဲ့ ညီမလေး ပျောက်နေတယ်တဲ့
  84. T: ဘယ်သူက ဖုန်းထိုးတာလဲ ဘယ်သူက ဖုန်းထိုးတာလဲ
  85. S: ရီနွတ်က
  86. T: ဟင်
  87. S: ရီနွတ်
  88. T: ရီနွတ် ဆိုတာ ဘယ်သူလဲ
  89. 10:11
  90. T: မင်း ဘီးပေါက်တယ် ဘယ်သူ စက်ဘီးပေါက်တာလဲ
  91. S: ကျွန်တော့်ဦးလေး
  92. T: မင်းဦးလေး..ဘယ်အချိန်က မင်းကို လာခေါ်လဲ..ဘီးပေါက်တယ် ဘယ်သူက ဘီးပေါက်တာလဲ မင်းက ပေါက်တာလား မင်းဦးလေးက ပေါက်တာလား
  93. S: ကျွန်တော့်ဦးလေးကပေါက်တာ ကျွန်တော့်ကို စက်ဘီးဖာဖို့ ကော်ဝယ်ခဲ့ခိုင်းတာ
  94. T: မင်းမှာ ဖုန်းရှိတယ်ပေါ့
  95. S: အိမ်ဖုန်းပဲပေါ့
  96. 11:00
  97. T: အခု မင်းက ခုနလိုပေါ့ မင်းဦးလေးဖုန်းဆက်တယ် မင်းက ကော်သွားဝယ်ပေးတယ် ကော်သွားဝယ်ပြီး မင်း
  98. မင်းဦးလေးဆီ သွားပို့ပေးတယ်
  99. S: သွားပို့ပေးတဲ့ နောက်ပိုင်းမှာပဲ ကျွန်တော့်ကိုဖုန်းနဲ့ လှမ်းပြောတဲ့သူက ကလေးတစ်ယောက် ပျောက်နေတယ်တဲ့ ကျွန်တော်က ကလေးက ပျောက်တယ်ဆိုတော့ ဒီကလေးက သွားလည်နေတယ်ပဲ ထင်ပြီးတော့ ကျွန်တော် အေးဆေးပဲ နေနေတာ နောက်တော့ မနက်အစောတုန်းက ကျွန်တော်ပြန်လာမလို့ ကျွန်တော့် အဒေါ်ကပြောတယ် မသွားနဲ့ဦး သူတို့နဲ့ အတူတူ ပြန်မယ်တဲ့ သူတို့လည်း လာမယ်ပေါ့ ကျွန်တော့် အမေကို သိတယ်ဆိုတော့ လာမယ်ဆိုတော့ ကျွန်တော်အိပ်နေတယ် နောက်ခဏနေကျတော့ ဒီက ပုလိပ်တွေ ရောက်လာတယ် ရောက်လာပြီး သေနတ်တွေနဲ့ ကျွန်တော် ဘာလုပ်မှန်းတောင် မသိလိုက်ရဘူး
  100. 11:50
  101. T: အစက ပြန်ပြောကွာ အစကပြန်ပြော
  102. 12:01
  103. T: အိုကေ ညီလေး အစ်ကို့ကို တစ်ခုစီ ရှင်းပြနော်
  104. ခုနက မင်းကော်သွားဝယ်တယ်ပြောတယ် သူမေးတယ် ဘယ်ဆိုင်မှာ ကော်ဝယ်လဲတဲ့
  105. S: ကော်ဝယ်တာ ကျွန်တော်ဝယ်တာ မဟုတ်ဘူး ရီနွတ်ဝယ်တာ
  106. T: ရီနွတ် ဆိုတာ ဘယ်သူလဲ
  107. S: ဒီကလေးမလေးနဲ့ တန်းလျားတစ်ခုတည်းပဲ နေတာ
  108. T: မင်းခုနကပြောတော့ မင်းသွားဝယ်တာဆို ကော်က
  109. S: ကော်က ကျွန်တော်သွားဝယ်တာမဟုတ်ဘူး ရီနွတ်သွားဝယ်တာ ရီနွတ်ဝယ်ပြီးမှ ကျွန်တော့် လာပေးပြီးမှ ကျွန်တော် သွားပို့ပေးတာ ရီနွတ်နဲ့ အဲဒီ ကျွန်တော့် ဦးလေးတို့နဲ့က စကားမပြောဘူး
  110. T: ရီနွတ်ဆိုတာ ဘယ်အရွယ်ရှိပြီလဲ
  111. S: လူငယ်ပဲ
  112. T: ရီနွတ်ဆိုတာ ယောက်ျားလေးလား
  113. S: ယောက်ျားလေး
  114. 12:58
  115. T: မင်းသွားမဝယ်ဘူးပေါ့
  116. S: ကျွန်တော်သွားဝယ်တာမဟုတ်ဘူး
  117. 13:08
  118. T: ဘယ်တုန်းက စတွေ့လဲ ဒီကလေးကို ဒီကလေးကို ဘယ်တုန်းက စတွေ့လဲတဲ့
  119. S: ကျွန်တော် အဲဒီဘက် စစ ရောက်ချင်းပဲပေါ့ ကျွန်တော် စရောက်တော့ တစ်ရက် နှစ်ရက်နေတော့
  120. T: အေးအဲဒါ ဘယ်တုန်းကလဲ ဘယ်နှလပိုင်း ဘယ်နှရက်လဲ ဒီလပိုင်းလား မတ်လလား ဖေဖေါ်ဝါရီလလား
  121. ဘယ်လကလဲ တစ်လပိုင်းလား နှစ်လပိုင်းလား သုံးလပိုင်းလား သူ့ကို ဘယ်တုန်းက စသိလဲ စမြင်ဖူးလဲ
  122. S: နှစ်လပိုင်းလောက်ကပေါ့
  123. T: နှစ်လပိုင်း
  124. 13:49
  125. T: လှလားတဲ့
  126. S: လှတာပေါ့ ကျွန်တော့်ညီမလေးလိုပဲ
  127. 13:58
  128. T: ဓာတ်ပုံကိုင်ထားတဲ့
  129. 14:01
  130. T: လှလားတဲ့
  131. S: လှတာပေါ့
  132. 14:06
  133. T: ကြိုက်လားတဲ့ ကြိုက်လားတဲ့
  134. S: ကျွန်တော့် ညီမအရွယ်ပဲ ဘယ်လိုလုပ် ကြိုက်လို့ရမှာလဲ
  135. 14:23
  136. T: မင်းဒီကောင်မလေးကို လှတယ်လို့ မတွေးမိဘူးလား
  137. 14:30
  138. T: ရုပ်ဆိုးလားတဲ့
  139. S: ရုပ်တော့မဆိုးဘူး
  140. 14:40
  141. T: မင်းသူနဲ့ အချိန်ဖြုန်းဖူးလားတဲ့
  142. 14:46
  143. T: မင်းခုနလိုပေါ့ အတူတူကစားတယ် အတူတူ စက်ဘီးစီးတယ် နောက်တော့ဘာလဲ
  144. S: အဲဒါပဲ ကျွန်တော် စက်ဘီးထွက်စီးတော့ ကျွန်တော်စက်ဘီးထွက်စီးတဲ့အချိန် သူနဲ့တွေ့မှပဲ သူတောင်းစီးရင် ပေးစီးတယ် တစ်ပတ်နှစ်ပတ်စီးပြီး ပြန်ထားလိုက်တယ် အဲဒီစက်ဘီးကို
  145. 15:04
  146. S: သူတို့ အဲအရှေ့မှာပဲ
  147. 15:26
  148. T: ဒီကောင်မလေး ညီလေး ညီလေးတို့ အောက်ထပ်ကိုပေါ့လေ ဘယ်အချိန်လောက် ပထမဆုံး အရင် စလာလည်လဲတဲ့
  149. S: ကျွန်တော်ရှိတုန်း သူအောက်ထပ် တစ်ခါမှ မသွားဖူးဘူး ကျွန်တော်နဲ့ ခင်နေတာတော့မှန်တယ် ကျွန်တော့် အောက်ထပ်ကို သူတစ်ခါမှ မလာဘူး
  150. 15:50
  151. T: ဒါပေမဲ့တဲ့ မနေ့က မနေ့ကတည်းက ဒီကောင်မလေးက မင်းအောက်ထပ်ကို ရောက်နေတယ်တဲ့ မင်းရဲ့ ရေချိုးခန်းထဲမှာတဲ့ သေနေတယ်တဲ့
  152. 16:04
  153. T: မနေ့က မနေ့က အဲဒီကလေး ပျောက်တဲ့အချိန်မှာ ဒီအိမ်မှာ ရှိတဲ့လူက မင်းတစ်ယောက်ပဲ ရှိတယ်တဲ့
  154. 16:27
  155. T: ခုနက တနင်္လာနေ့က ဒီကောင်မလေးလာသွားတာ ဘာဖြစ်လဲတဲ့ မင်းတို့အိမ်မှာ
  156. S: သူလာတာကတော့ သူ့အဖော်နဲ့ လာတာပဲ သူနဲ့ရွယ်တူကလေး သူနဲ့ ရွယ်တူ တစ်ယောက်ပါတယ် သူ့ထက် ငယ်တာ တစ်ယောက်ပါတယ် ရုပ်ရှင်တွေကြည့်တယ် ကြည့်ပြီး သူတို့ပြန်သွားတယ်
  157. T: သုံးယောက်လုံးပြန်သွားတာလား
  158. S: အင်း
  159. T: ဘယ်အချိန်လောက်လဲ
  160. 17:22
  161. T: နှစ်ယောက်ပဲ ပြန်သွားတာ မဟုတ်ဘူးလားတဲ့
  162. 17:26
  163. S: သုံးယောက်လုံးပြန်သွားတာ
  164. 17:28
  165. S: တူတူပဲ ပြန်သွားတာ သူတို့
  166. 17:38
  167. T: သူတို့အနေနဲ့ မယုံကြည်ဘူး
  168. 17:51
  169. T: အခုနက ဒီကောင်မလေး သုံးယောက်လာပြီးတဲ့အခါမှာ နော် မင်းအိမ်မှာ သွားလည်တယ် သွားလည်ပြီး
  170. အဲဒီကလေးမလေး အဲဒီအိမ်ကို ရောက်ပြီးတဲ့အချိန်မှာ ဘယ်သူမှ မတွေ့တော့ဘူးတဲ့
  171. 18:09
  172. T: နောက်တစ်ခါမှာ တစ်စုံတစ်ယောက်သောသူက တွေ့တဲ့အခါမှာတဲ့
  173. 18:16
  174. T: တွေ့တဲ့အခါမှာ အဲဒီကောင်မလေးက သေနေပြီ မင်းရဲ့ မင်းရဲ့ ရေချိုးခန်းထဲမှာ
  175. 18:28
  176. S: အဲဒါဆိုရင်တော့ မဟုတ်နိုင်ဘူး
  177. 18:31
  178. S: ကျွန်တော့်ဆီ လာတဲ့အချိန်က ရီနွတ်ညီမလေးရယ် သူရယ် ရီနွတ်တူလေးရယ် သူတို့သုံးယောက်လာတယ်
  179. T: ခဏလေး သူရယ်
  180. S: သူရယ် ရီနွတ် ညီမလေးရယ်
  181. T: မင်းရဲ့ညီမလေး ရှိသေးတယ်ပေါ့
  182. S: ရီနွတ် ရီနွတ်
  183. T: ရီနွတ်
  184. S: အေး
  185. T: ရီနွတ်ဆိုတာ ကရင်လား
  186. S: မွတ်စလင်ပါ
  187. T: ရီနွတ်ညီမလေး
  188. S: အေး နောက်ပြီး ရီနွတ် တူလေးတစ်ယောက်ရှိသေးတယ်
  189. T: ရီနွတ် တူလေးရယ်
  190. S: အေး သူတို့ သုံးယောက် အတူတူလာတယ် ရုပ်ရှင်ကြည့်တယ် ကာတွန်းကားတော့ သူတို့ဟာ သူတို့ ဖွင့်ကြည့်တယ် ကာတွန်းကားကြည့်ပြီးပြန်သွားတယ်
  191. T: ဒီကောင်မလေးရယ် ရီနွတ်ရဲ့ညီမလေးရယ် ရီနွတ်ရဲ့ တူရယ် သုံးယောက်လာတယ် ရီနွတ်က မင်း ဟိုဟာ မွတ်စလင်ပဲပေါ့
  192. S: ဟုတ်ကဲ့
  193. 19:45
  194. T: အဲဒီ သူတို့လာတော့ မင်းအိမ်မှာ ဘာလုပ်ကြလဲ သူတို့
  195. S: သူတို့ တီဗီ ကြည့်တယ် ကာတွန်းကားလည်းကြည့်တယ်
  196. 20:00
  197. T: တယ်လီဗီးရှင်းလား ဒီဗွီဒီလား
  198. 02:03
  199. T: ဘယ်အချိန်လောက်လဲ
  200. S: မနက်ပဲပေါ့
  201. T: ဘယ်အချိန်လဲ
  202. 20:08
  203. T: သူမေးတာ ဘယ်အချိန် လာလဲတဲ့
  204. S: မနက်ပိုင်း အဲဒီနေ့က သူလာတာ ၉ နာရီလောက်ရှိတယ်
  205. 02:26
  206. T: ခုနက နေ့ခင်း ၂ နာရီလောက်မှာ သူပြန်သွားတာမဟုတ်လား သူပြန်လား မပြန်ဘူးလား
  207. S: ပြန်သွားတယ် သုံးယောက်တူတူပဲပြန်သွားတယ်
  208. T: ဘယ်နှနာရီလောက်ပြန်သွားလဲ
  209. S: ၂ နာရီလောက်ပြန်သွားတယ်
  210. T: အကုန်လုံးလား
  211. S: သုံးယောက်လုံးတူတူပဲ ပြန်သွားတယ်
  212. 20:56
  213. T: အဲဒီ ပြန်သွားတဲ့သူ သုံးယောက်လုံးရဲ့ နာမည်ကို ပြောလို့ရမလားတဲ့ ပြန်သွားတဲ့သူ သုံးယောက်လုံးနာမည်
  214. S: ရီနွတ်ညီမနာမည် ညီမ အငယ်ရယ် နောက် ဟိုကလေးလေးတစ်ယောက် ကျွန်တော် နာမည် ခေါ်မတတ်ဘူး သူ့နာမည်လည်း ကျွန်တော်မသိဘူး
  215. 21:29
  216. T: သူ့နာမည်သိလားတဲ့
  217. S: မသိဘူး
  218. 21:36
  219. T: မနေ့က
  220. 21:39
  221. T: ၂ နာရီလောက်မှာ
  222. 21:46
  223. T: အဲဒီ ကလေးနှစ်ယောက်နဲ့ အတူ ပြန်သွားတယ် ဟုတ်လား ၂ နာရီ လောက်မှာ
  224. S: အင်း
  225. 21:54
  226. T: မင်းအိမ်မှာ ဘယ်နှနာရီလောက် နေခဲ့လဲ
  227. S: သုံးနာရီလောက် နေခဲ့တယ် သုံးနာရီလောက် အတူတူ နေခဲ့ပြီးတော့ သူပြန်သွားတော့ သူပြန်သွားတဲ့အချိန် လွယ်အိတ်တစ်လုံး လွယ်သွားတယ် သူတို့လည်းသွားပြီးတော့ ကျွန်တော့်ဦးလေးအိမ် သွားမယ်ဆိုပြီး ကျွန်တော် ထွက်သွားတယ်
  228. 23:11
  229. T: ခုနက ရဲတွေကနေပြီးတော့ ကလေးကို လိုက်ရှာနေကြတယ် အဲဒီအချိန်မှာ မင်းဘယ်ရောက်နေလဲတဲ့
  230. S: ကျွန်တော့် ဦးလေးအိမ်မှာ ရှိနေတယ်
  231. 23:28
  232. T: မင်းသိလား ဒီကလေး ပျောက်လို့ဆိုပြီး လူတွေ လိုက်ရှာနေတယ်ဆိုတာ မင်းသိလားတဲ့
  233. S: ကျွန်တော့်ကို ရီနွတ်လှမ်းပြောတာပေါ့ ကလေးတစ်ယောက် မင်းနဲ့ ကစားတဲ့ ကလေးက ပျောက်နေတယ်တဲ့ ရဲတွေရှာနေတယ်တဲ့ ရှာနေတယ်ဆိုတော့ ကျွန်တော့်ဆီက ပြန်သွားတဲ့ ဥစ္စာ ဘယ်လို သွားပျောက်မလဲ ဒီကလေးက
  234. S: အေး အဲဒီ ရီနွတ်က မင်းကို ဘယ်မှာပြောတာလဲ
  235. T: ကျွန်တော့် ဦးလေးအိမ်မှာ ကျွန်တော် ရှိနေတယ် သူ့အိမ်ကနေ ဖုန်းနဲ့လှမ်းပြောတယ်
  236. 24:29
  237. T: ဒါဆို မင်းအစောကြီးတည်းက သိနေတယ်ပေါ့ ဒီကလေး ပျောက်နေတယ်ဆိုတာ
  238. S: ကလေး စပျောက်တဲ့ အချိန်က ကျွန်တော့်ကို ဖုန်းလှမ်းထိုးတော့ ကျွန်တော် သိတာပေါ့ သိပြီးတော့ ကျွန်တော် စဉ်းစားတယ် ဟင် ဒီကလေးက ဘယ်မှသွားတတ်တာလည်း မဟုတ်ဘူး သူသွားရင် သူ့နားတစ်ဝိုက်မှာပဲ ရှိမယ် ဒီကောင်သက်သက် ကျွန်တော့်ကို ခြောက်တာပဲလေ ဆိုပြီးတော့ ကျွန်တော် အေးအေးဆေးဆေး နေမိလိုက်တယ်..နောက် နောက် ညအိပ်လိုက်ပြီးတော့ နောက်နေ့ကျမှ..
  239. T: ညက ဘယ်မှာအိပ်လဲ
  240. S: ဦးလေးအိမ်မှာ အိပ်တယ်
  241. T: ဦးလေး အိမ်မှာပဲ
  242. S: ဟုတ်ကဲ့
  243. 25:51
  244. T: ဘာလို့ ဘာလို့ ရဲကိုမခေါ်လဲတဲ့ မင်းအနေနဲ့ ဒီကလေးလေးက ကျွန်တော်နဲ့ နှစ်နာရီ မတိုင်ခင်မှာ ကျွန်တော့်မှာ ရှိပါတယ် ကျွန်တော်နဲ့ အတူကစားနေပါတယ်ဆိုတာ ဘာလို့မခေါ်လဲတဲ့ ရဲကို သတင်းမပို့လဲတဲ့
  245. S: ကျွန်တော်သတင်းပို့ရင် ကျွန်တော်ပြောမှ မတတ်ဘူး
  246. 26:12
  247. T: မင်း ဒိပြင်လူရော ပြောပြသေးလား ဒီကလေးလေး နှစ်ယောက်နဲ့ တွေ့ခဲ့တယ် ဘာညာဆိုတာကို ဘယ်သူ့ကို ပြောပြသေးလဲ
  248. S: ကျွန်တော့် အဒေါ်တွေလည်း ကျွန်တောာ် ပြောပြတာပေါ့ ကျွန်တော့် အဒေါ်တော့ ကျွန်တောာ် ပြောပြတာပေါ့ ကျွန်တော်လာတဲ့အချိန် ဒီကလေး ကစားနေတယ်ပဲ ကျွန်တော် အိမ်ကနေထွက်သွားတယ် သုံးယောက်လုံး အတူတူပဲကစားနေတာ
  249. T: မင်းအဒေါ်ကိုပြောတယ်ပေါ့
  250. S: ဟုတ်
  251. 27:04
  252. T: အခု ခုနလို ဒါမတော်တဆ ဖြစ်သွားတာလားတဲ့ မင်းအနေနဲ့ထင်တာ မင်းနေတဲ့ အခန်းထဲမှာ မင်းရေချိုးခန်းထဲမှာ သေသွားတဲ့ ကိစ္စကြီးက
  253. S: အဲဒါ အဲဒါ ကျွန်တော်လည်း စဉ်းစားနေတာ သူက သေတာက ကျွန်တော့် ရေချိုးခန်းမှာ လာသေတယ် ဆိုတော့ သူများ ထင်ရင်လည်း ထင်စရာ ဖြစ်နေတာပေါ့ ကျွန်တော့် ရေချိုးခန်းမှာ လာသေတယ်ဆိုတော့ ကျွန်တော် သတ်တယ်လို့ပဲ ထင်မှာပေါ့ အမှန်တော့ ကျွန်တော် ဘာမှ မသိရဘူးလေ
  254. မသိရလို့ပေါ့ ဒီနေ့ ညနေပိုင်းတောင်မှ ရီနွတ် ဖုန်းလှမ်းထိုးတယ် ရီနွတ်ဖုန်းလှမ်းထိုးတော့ ဦးလေး ကျွန်တော့် အိမ်က လူတွေ ဖုန်းလှမ်းထိုးတော့ အိမ်လိပ်စာမေးတယ် အိမ်လိပ်စာမေးတော့ မေးပြီးတော့ ကျွန်တော်တော့ ပြောလိုက်တယ် အိမ်လိပ်စာ ပြောပြီးသွားတော့ ကျွန်တော် နောက်ဖုန်းပြန်ထိုးပြီးမေးတယ် မဟုတ်ဘူးလေ ဘာဖြစ်လို့လဲ ဘာအရေးကြီးလို့လဲပေါ့ အိမ်လိပ်စာမေးတာ
  255. T: မင်းက အဲဒီအချိန်မှာ ဘယ်မှာရောက်နေလဲ မင်းဦးလေးအိမ်မှာလား
  256. S: အဲဒီ ဦးလေးအိမ်မှာပဲ
  257. 28:16
  258. T: လိမ်မပြောနဲ့တဲ့
  259. 28:20
  260. T: အခုနကတုန်းက မင်းဆက်လိမ်ပြောနေမယ်ဆိုရင် ဒါမင်းအတွက် မကောင်းတော့ဘူး
  261. 28:45
  262. T: သူတို့ကသိပြီးပြီ မင်းလုပ်တယ်ဆိုတာ သိပြီးပြီ
  263. 28:50
  264. S: ကျွန်တော် သဘောတစ်ခုပြောပြမယ်
  265. 29:04
  266. T: သူတို့သိတယ် မင်းလုပ်ခဲ့တယ်ဆိုတာ
  267. 29:19
  268. T: ဘယ်သူမှ မင်းအခန်းမှာ မနေဘူး ဟုတ်လား
  269. S: ဟုတ်ကဲ့
  270. 29:28
  271. T: ဘယ်သူမှ မင်းရဲ့ အောက်ထပ်မှာ ဘယ်သူမှ မနေဘူး
  272. 29:37
  273. T: ပြီးတော့ မင်းနဲ့ အိမ် အိမ်အတူတူ သမားတွေကလည်း မင်းနဲ့ စကားမပြောကြဘူး ဘာသာမှ မတူကြဘူး စကားက
  274. S: အင်း ဟုတ်တယ်
  275. 29:50
  276. T: မင်းက ဒီအိမ်မှာ မနေ့က တစ်ယောက်တည်း နေတဲ့သူပဲ အားလုံးက အလုပ်သွားကြတယ်
  277. S: ဟုတ်တယ် အဲဒီနေ့က အလုပ်သွားကြတယ်
  278. 30:00
  279. T: သူ့ရဲ့ ဒီကောင်မလေးမသေခင် ဘဝအခြေအနေကို..
Advertisement
Add Comment
Please, Sign In to add comment
Advertisement