Advertisement
Guest User

Untitled

a guest
Feb 23rd, 2017
183
0
Never
Not a member of Pastebin yet? Sign Up, it unlocks many cool features!
text 4.79 KB | None | 0 0
  1. ချန်ကေရှိတ် ဦးဆောင်သည့် အမျိုးသားရေးဝါဒီများနှင့် မော်စီတုန်း ဦးဆောင်သည့် စီစီပီ တို့  နှစ်နှစ်ဆယ်ကြာ စစ်ဖြစ်ပွားခဲ့သည်။ နောက်ဆုံးတွင် ချန်ကေရှိတ်တပ်များ ထိုင်ဝမ်သို့ ထွက်ပြေးသွားကြပြီး စစ်ကြီးပြီးဆုံးခဲ့သည်။ အောက်တိုဘာ တစ်ရက်နေ့ တွင် စစ်နိုင်သူ မော်စီတုန်းက တိုင်နမန် ရင်ပြင်တွင်ရပ်လျက် တရုတ်ပြည်တွင် အခြေခံလူတန်းစားတို့  အာဏာရပြီဟု ကြေငြာခဲ့သည်။ အထက်အောက်ခွဲခြားသော ကွန်ဖြူးရှပ်ဝါဒသည် ကွန်မြူနစ်နိုင်ငံအတွက် ရန်သူပင်ဖြစ်လေသည်။
  2. -
  3. နိုဝင်ဘာ ၁၉၆၆ တွင် ပီကင်းအခြေခံတက္ကသိုလ်မှ တပ်နီတော်က ရှန်တောင်ရှိ ကူးဖုနယ်တွင် ရှိသော ကွန်ဖြူးရှပ်အိမ်သို့  ချီတက်ခဲ့ကြသည်။ တစ်လအတွင်း ကွန်ဖြူးရှပ် ဘုရားကျောင်း၊ ကွန်ဖြူးရှပ် သချိုင်း၊ ကွန်ဖြူးရှပ် အုတ်ဂူနှင့် ရုပ်တုများ၊ အထွတ်အမြတ်ပစ္စည်းများကို ဖျက်စီး ပစ်ခဲ့ကြလေသည်။ နိုဝင်ဘာ ၂၉ ရက်နေ့ တွင် အောက်ပါ ကြေးနန်းစာကို ပီကင်းသို့ ပို့ လိုက်လေသည်။
  4. "ချစ်ခင်ရပါသောခေါင်းဆောင်ကြီးမော်
  5. တော်လှန်ရေးတွင် ပါဝင်သော လူပေါင်းတသိန်းမှ စိတ်လှုပ်ရှားဖွယ် အခြင်းအရာတစ်ခုကို တင်ပြလိုပါသည်။
  6. ကျွန်ုပ်တို့ တော်လှန်ခဲ့ကြပြီ!!့ တော်လှန်ခဲ့ကြပြီ!! ကောင်၏ဒုတိယသား(ကွန်ဖြူးရှပ်ကိုဆိုလိုသည်)ရုပ်တု အား ဖြိုချဖျက်စီးခဲ့ပြီ။ ကွန်ဖြူးရှပ် အုတ်ဂူအားလည်း မြေလှန်ခဲ့ပြီ။ ရှေးခေတ် ဘုရင်တို့ အစဉ်အလာများကို ရိုက်ချိုးပစ်နိုင်ခဲ့ပြီ"
  7. -
  8. ၁၉၇၆တွင် မော်စီတုန်းကွယ်လွန်ပြီး တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေး အဆုံးသတ်ခဲ့သည်။ ၁၉၇၈ တွင် တိန့် ရှောင်ဖိန် တက်လာပြီး နိုင်ငံရေးနှင့် စီးပွားရေးပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။၂၀၀၀ခုနှစ်မှ စတင်ကာ ပီကင်းအစိုးရသည် စီးပွားရေးတိုးတက်ရန်နှင့် လူမူဘ၀လုံခြုံရေးတို့ ကို ပြင်ဆင်လာခဲ့ရာ ကွန်ဖြူးရှပ်၏ ဟန်ချက်ညီသော လူ့ အဖွဲ့ အစည်း အယူအဆများကို ပြန်လည်ကျင့်သုံးလာခဲ့ကြသည်။ ကူးဖုနယ်ရှိ ကွန်ဖြူးရှပ် ခြံနေရာကို ပြန်လည် တည်ဆောက်မွမ်းမံခဲ့သည်။ ယခုအခါတွင် စက်တင်ဘာလရောက်တိုင်း ၄င်းနေရာတွင် အထိမ်းအမှတ်ပွဲများပြုလုပ်ကြသည်။ တက္ကသိုလ်များတွင်လည်း ကွန်ဖြူးရှပ်ဝါဒ လေ့လာရေးနှင့် သုတေသန အလုပ်ရုံများ တည်ထောင်ကြသည်။
Advertisement
Add Comment
Please, Sign In to add comment
Advertisement